Facebook Page မှာ Post တွေကိုကြိုတင်ထားနည်း

MBlogger
0

- ဟုတ်ကဲ့ဒီနေ့မှာတော့ Facebook နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတစ်ခုကိုမျှဝေပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ်ရဲ့ Page အတွက် post တင်စရာအကြောင်းအရာတွေရှိနေခဲ့ရင် Post တွေကို Page ကနေတစ်နေ့ကို တစ်ခု၊ နှစ်ခု စသည်ဖြင့်နေတိုင်း ဝင်တင်စရာ မလိုပါဘူး။တစ် နေ့တည်းနဲ့ ကိုယ် publish ဖြစ်ချင်တဲ့အချိန်ကို သတ်မှတ်ပေးပြီး တစ်ပတ်စာ တစ်လစာ စသည်ဖြင့် ကိုယ်ကြိုက်နှစ်သက်သလို အချိန်သတ်မှတ်ပြီးတင်ထားနိုင်ပါတယ်။ကဲ... ဒီလောက်ဆိုနားလည်ပြီထင်ပါတယ်။ စလိုက်ရအောင်ပါ။

- ပထဦးဆုံးအနေနဲ့ ကျွန်တော်တို့မှာ Page Manager App ရှိရပါမယ်။ မရှိရင်ကျွန်တော်ပေးထားတဲ့ link ကနေ Download ယူနိုင်ပါတယ်။


Download From Playstore
=> Download
Download From ApkPure
=> Download

- Page ထဲရောက်ရင် Post တင်ဖို့အတွက် Post ကိုနှိပ်ပါ။

- ကိုယ် post တင်မည့်အကြောင်းအရာကိုရေး၊ ပြီးရင် Publishing Options ကိုနှိပ်ပါ။

- နောက်ပြီး Schedule Later ကိုနှိပ်ပါ။

- ကိုယ် Publish ဖြစ်လိုတဲ့ အချိန်ကို သတ်မှတ်ပေးပြီး SET DATE ကိုနှိပ်ပါ။

- နောက်ပြီး Schedule ကိုနှိပ်ပါ။ Post တင်ခြင်းကိစ္စပြီးဆုံးပါပြီ။ဒါပေမယ့် တင်လိုက်တဲ့ Post ကချက်ချင်း page မှာပေါ်နေမှာမဟုတ်ပါဘူး။ကိုယ် သတ်မှတ်ထားတဲ့အချိန်မှသာ Publish လုပ်မှာဖြစ်တဲ့အတွက် အဲ့အချိန်မှသာ ပေါ်နေမှာဖြစ်ပါတယ်။

- Page မှာတင်ထားတဲ့ Schedule Post ကိုပြန်ကြည့်ချင်ရင် အောက်ကပုံအတိုင်းလုပ်ဆောင်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Tags:

Post a Comment

0Comments

Post a Comment (0)