RAM နည်းတဲ့ဖုန်းတွေမှာ RAM တိုးနည်း။

MBlogger
0

ဟုတ်ကဲ့ အားလုံးမင်္ဂလာပါ ခင်ဗျ။ ဒီနေ့မှာတော့ RAM နည်းတဲ့ဖုန်းတွေအတွက် အက်ပလီကေးရှင်းတွေ သုံးတဲ့အခါမှာ လေးလံခြင်းမရှိဘဲ ချောချောမွေ့မွေ့ ဖြစ်နေစေဖို့အတွက် ဖုန်း RAM တိုးတဲ့နည်လမ်းးကိုမျှဝေ ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဖုန်းမှာ Root ရှိထားဖို့တော့လိုအပ်မှာ ဖြစ်ပါတယ်။

အခုကျွန်တော် 2GB RAM ရှိတဲ့ဖုန်းကို 3GB RAM ဖြစ်အောင်ပြုလုပ်သွားမှာဖြစ်ပါတယ်။

အရင်ဆုံးလိုအပ်တဲ့ အက်ပလီကေးရှင်း နှစ်ခုကို အောက်မှာ ‌ဒေါင်းလုတ် ယူပါ။
Diskinfo (APKPure)
https://kyawmal.tech/nvuqo
Free swapper for root (Google Play Store)
https://kyawmal.tech/3d65z

Download လုပ်နည်းသိရှိလိုပါက ဒီနေရာကို နှိပ်ပြီး ကြည့်ရှုနိုင်ပါသည်။

ဒေါင်းလုတ်ယူပြီးပြီ ဆိုရင် အက်ပလီကေးရှင်း နှစ်ခုကို install လုပ်လိုက်ပါ။
အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် စပါမယ်။

အရင်ဆုံး ဖုန်းမှာပါပြီးသားဖြစ်တဲ့ Swap file size ကိုအရင်စစ်ကြည့်ပါမယ်။ Diskinfo app ကိုဖွင့်လိုက်ပါ။

ကျွန်တော်အခုပြထားတဲ့ ဖုန်းမှာ မူလ ပါပြီးသားဖြစ်တဲ့ Swap file size က 607 MB ပါ။ ဖုန်းတစ်လုံးနဲ့ တစ်လုံးပါတဲ့ Swap file size ကမတူပါဘူး။ မိတ်ဆွေရဲ့ဖုန်းမှာပါတဲ့ Swap file ရဲ့ size နဲ့ ကျွန်တော်အခုပြထားတဲ့ ဖုန်းမှာ ပါတဲ့ Swap file ရဲ့ size ဟာကွဲလွဲကောင်း ကွဲလွဲနိုင်ပါတယ်။

စစ်ကြည့်ပြီးပြီ ဆိုရင်တော့ Free swapper for root app ကိုဖွင့်ပါ။

ပြီးရင် Swap file size (MB) ဆိုတဲ့နေရာမှာ ကိုယ်လိုချင်တဲ့ Swap size ကိုဖြည့်ပေးပါ။ ကျွန်တော်က 1GB လိုချင်တာဖြစ်တဲ့ အတွက် 1024 ကိုဖြည့်လိုက်ပါတယ်။

ပြီးရင် CREATE SWAP MEMORY ကိုနှိပ်ပါ။

Swap file ကို create လုပ်ပါလိမ့်မယ်။ ကိုယ်ဖြည့်လိုက်တဲ့ File size ကြီးရင် ကြီးသလို ကြာပါမယ်။ ခေတ္တစောင့်ပေးလိုက်ပါ။

အခုဆိုရင် File create လုပ်လို့ ပြီးပြီဖြစ်ပါတယ်။ Ok ကို နှိပ်လိုက်ပါ။

ပြီးရင် Swap file size ကိုပြန်စစ်ပါမယ်။ Diskinfo app ကိုပြန်ဖွင့်လိုက်ပါ။ အခုဆိုရင် မူလပါပြီးဖြစ်တဲ့ 607 MB ကနေ အခု 1.6 GB ဖြစ်သွားပါပြီ။ ဆိုတော့ 2GB (Physical RAM) + 1.6GB (ZRAM) နှစ်ခုပေါင်းရင် 3.6 GB RAM ဖြစ်သွားပါပြီ။

ကျွန်‌တော်တို့ Swap file create လုပ်စဉ်က ကျွန်တော်ဖြည့်လိုက်တာက 1024 MB ( 1GB ) ပါ။ အခုပြတာက 1.6 GB ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ create လုပ်လိုက်တဲ့ 1GB နဲ့မူလရှိပြီးသား 607MB ဟာပေါင်းသွားတဲ့အတွက်အခုလိုဖြစ်နေတာဖြစ်ပါတယ်။ Swap file ကို အများဆုံး 4GB လောက်အထိပဲ Create လုပ်သင့်ပါတယ်။

အားလုံးပြီးသွားပြီ ဆိုရင်တော့ ဖုန်းကို Reboot (သို့) Restart ပြုလုပ်ပေးပါ။

အခုဆိုရင် အရင်ကထက်ပိုကောင်းတဲ့ Performance နဲ့ အက်ပလီကေးရှင်းတွေကို အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။ အဆင်ပြေကြပါစေဗျာ...။

Tags:

Post a Comment

0Comments

Post a Comment (0)