Apps တွေရဲ့ ‌‌အင်တာနက်ဒေတာ အသုံးပြုမှုကို ကန့်သတ်ထားချင်သူတွေအတွက်။

MBlogger
0

အင်တာနက် အသုံပြုတဲ့အခါမှာ Data Usages တွေကိုလျော့ချ ချင်သူတွ၊ အင်တာနက် အသုံးပြုနေစဉ်အတွင်းမှာ နောက်ကွယ်ကနေ အင်တာနက် အသုံးပြုနေတဲ့ Apps တွေကိုပိတ်ထားချင်သူတွေအတွက် အလားတူလုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်ပေးနိုင်တဲ့ App တစ်ခုကို မျှဝေပေးလိုက်ပါတယ်။ အသုံးပြုရတာလဲ လွယ်ကူရိုးစင်ပြီး တစ်ကယ်ကို အသုံးဝင်စေမယ့် App တစ်ခုဖြစ်ပါတယ်။၊

လိုအပ်တဲ့ အက်ပလီကေးရှင်းကို အောက်မှာပေးထားတဲ့ လိပ်စာကနေတစ်ဆင့် ဒေါင်းလုတ်ရယူပါ။

NoRoot Firewall
Download

Download လုပ်နည်းသိရှိလိုပါက ဒီနေရာကို နှိပ်ပြီး ကြည့်ရှုနိုင်ပါသည်။

App ကိုနှိပ်ပါ။

App ကိုစတင်အသုံးပြုရန် Start ကိုနှိပ်ပါ။

Pending ဆိုတဲ့နေရာကတော့ အင်တာနက် အသုံးပြုဖို့စောင့်ဆိုင်းနေတဲ့ Apps စာရင်းကိုပြပေးတဲ့နေရာဖြစ်ပါတယ်။ အင်တာနက် အသုံးပြုခွင့် ပေးလိုပါက ALLOW ကိုနှိပ်ပြီး၊ အသုံးမပြုစေချင်ရင်တော့ DENY ကိုနှိပ်လိုက်ပါ။ ဘာမှမနှိပ်လဲ ရပါတယ်။ ဒီအတိုင်းဆက်ပြပေးနေမှာ ဖြစ်ပါတယ်။

Apps ဆိုတဲ့နေရာမှာ အင်တာနက် အသုံးပြုခွင့် ပေးခြင်း၊ ပိတ်ခြင်း စတဲ့အရာတွေကိုလုပ်ဆောင်နိုင်ပါတယ်။ App တစ်ခုစီမှာ Check box နှစ်ခုစီပါပါတယ်။ အရှေ့ကတစ်ခု က Wifi အင်တာနက်အတွက်ဖြစ်ပြီး၊ နောက်ကတစ်ခုကတော့ Mobile အင်တာနက်အတွက်ဖြစ်ပါတယ်။

Logs ဆိုတဲ့နေရာကတော့ အင်တာနက်အသုံးပြုနေတဲ့ Apps တွေ၊ အသုံးပြုခွင့်ပိတ်ထားတဲ့ Apps တွေနဲ့ အခြား Pending ဖြစ်နေတဲ့ Apps တွေကိုပြပေးတဲ့နေရာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Tags:

Post a Comment

0Comments

Post a Comment (0)