သင့်ရဲ့ဖုန်းကို Android Version Update လုပ်သင့်သလား။ Update လုပ်တာကောင်းသလား။

MBlogger
0

Android ကို Update လုပ်ပေးတာကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ Android မှမဟုတ်ပါဘူး အခြား ဆော့ဖ်ဝဲ့တွေလဲအတူတူပါပဲ။ Update လုပ်ထားတာဟာကောင်းပါတယ်။ ဒီ Update ပေးရခြင်းရဲ့ရည်ရွယ်ချက်ကိုက ပရိုဂရမ်မှာပါနေတဲ့ Bugs တွေကိုပြင်ပေးပြီး အသုံးပြုတဲ့သူတွေအတွက်ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေ ကိုဖြည့်စွက်ပြီးတော့အသစ်တစ်ခုထုတ်ပေးတာပေါ့။ ဒါပေမယ့် အပေါ်မှာကျွန်တော်ပြောခဲ့တဲ့အချက်တွေက အခြေအနေအားလုံးအတွက်တော့မှန်ချင်မှ မှန်‌ေနပါလိမ့်မယ်။ အချို့လူတွေကပြောကြတာပေါ့။ ဖုန်းက Android version မြှင့်လိုက်မှ အရင်လို performance မကောင်းတော့ဘူး။ error တွေပါလာတယ်ပေါ့။ ဒါလဲအချို့သူတွေအတွက် ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ Android OS ကိုရေးဆွဲတဲ့သူတွေက ဖုန်းတွေအားလုံးကိုခြုံပြီးတော့ ပျမ်းမျှအားဖြင့်အကောင်းဆုံးဖြစ်အောင်ရေးဆွဲကြတာပေါ့။ အဲ့ဒီထဲမှာ သင့်ရဲ့ဖုန်းက သူတို့ သတ်မှတ်ထားတဲ့ပျမ်းမျှသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့အခါမှာ ပြဿနာလေးအနည်းအငယ်တော့ဖြစ်တတ်တာပေါ့။

ဒါကြောင့် သင့်ရဲ့ဖုန်းကို Update မလုပ်ခင်မှာ သင်အခုလုပ်မယ့် Update ကသင့်ရဲ့ဖုန်းအမျိုးအစားနဲ့အဆင်ပြေခြင်းရှိမရှိ ကြိုတင်စူးစမ်းရှာဖွေပြီးတော့မှ လုပ်ပါလို့အကြံပြုပါရ‌စေခင်ဗျာ။

Tags:

Post a Comment

0Comments

Post a Comment (0)